- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1406–1380 BC
Conquest of Canaan
Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.
ဤကာလမှ အခန်းငယ်များ
- ယောရှုမှတ်စာ 19:31ခရစ်တော် မပေါ်မီ 1443 ခန့်
ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
- ယောရှုမှတ်စာ 19:32ခရစ်တော် မပေါ်မီ 1443 ခန့်
ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
- ယောရှုမှတ်စာ 19:33ခရစ်တော် မပေါ်မီ 1443 ခန့်
သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။
- ယောရှုမှတ်စာ 19:34ခရစ်တော် မပေါ်မီ 1443 ခန့်
တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။
- ယောရှုမှတ်စာ 19:35ခရစ်တော် မပေါ်မီ 1443 ခန့်
ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
- ယောရှုမှတ်စာ 19:36ခရစ်တော် မပေါ်မီ 1443 ခန့်
အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
- ယောရှုမှတ်စာ 19:37ခရစ်တော် မပေါ်မီ 1443 ခန့်
ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
- ယောရှုမှတ်စာ 19:38ခရစ်တော် မပေါ်မီ 1443 ခန့်
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
- ယောရှုမှတ်စာ 19:39ခရစ်တော် မပေါ်မီ 1443 ခန့်
ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
- ယောရှုမှတ်စာ 19:40ခရစ်တော် မပေါ်မီ 1443 ခန့်
သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
- ယောရှုမှတ်စာ 19:41ခရစ်တော် မပေါ်မီ 1443 ခန့်
သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
- ယောရှုမှတ်စာ 19:42ခရစ်တော် မပေါ်မီ 1443 ခန့်
ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
- ယောရှုမှတ်စာ 19:43ခရစ်တော် မပေါ်မီ 1443 ခန့်
ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
- ယောရှုမှတ်စာ 19:44ခရစ်တော် မပေါ်မီ 1443 ခန့်
ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
- ယောရှုမှတ်စာ 19:45ခရစ်တော် မပေါ်မီ 1443 ခန့်
ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
- ယောရှုမှတ်စာ 19:46ခရစ်တော် မပေါ်မီ 1443 ခန့်
မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။
- ယောရှုမှတ်စာ 19:47ခရစ်တော် မပေါ်မီ 1443 ခန့်
ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
- ယောရှုမှတ်စာ 19:48ခရစ်တော် မပေါ်မီ 1443 ခန့်
ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
- ယောရှုမှတ်စာ 19:49ခရစ်တော် မပေါ်မီ 1443 ခန့်
ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
- ယောရှုမှတ်စာ 19:50ခရစ်တော် မပေါ်မီ 1443 ခန့်
သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
- ယောရှုမှတ်စာ 19:51ခရစ်တော် မပေါ်မီ 1443 ခန့်
ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။
- ယောရှုမှတ်စာ 20:1ခရစ်တော် မပေါ်မီ 1443 ခန့်
တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
- ယောရှုမှတ်စာ 20:2ခရစ်တော် မပေါ်မီ 1443 ခန့်
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
- ယောရှုမှတ်စာ 20:3ခရစ်တော် မပေါ်မီ 1443 ခန့်
လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
- ယောရှုမှတ်စာ 20:4ခရစ်တော် မပေါ်မီ 1443 ခန့်
ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။