အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 20:5ခရစ်တော် မပေါ်မီ 1443 ခန့်

    သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။

  2. ယောရှုမှတ်စာ 20:6ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊

  3. ယောရှုမှတ်စာ 20:7ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊

  4. ယောရှုမှတ်စာ 20:8ခရစ်တော် မပေါ်မီ 1443 ခန့်

    ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။

  5. ယောရှုမှတ်စာ 20:9ခရစ်တော် မပေါ်မီ 1443 ခန့်

    ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။

  6. ယောရှုမှတ်စာ 21:1ခရစ်တော် မပေါ်မီ 1443 ခန့်

    လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊

  7. ယောရှုမှတ်စာ 21:2ခရစ်တော် မပေါ်မီ 1443 ခန့်

    အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊

  8. ယောရှုမှတ်စာ 21:3ခရစ်တော် မပေါ်မီ 1443 ခန့်

    ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။

  9. ယောရှုမှတ်စာ 21:4ခရစ်တော် မပေါ်မီ 1443 ခန့်

    စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  10. ယောရှုမှတ်စာ 21:5ခရစ်တော် မပေါ်မီ 1443 ခန့်

    ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။

  11. ယောရှုမှတ်စာ 21:6ခရစ်တော် မပေါ်မီ 1443 ခန့်

    ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။

  12. ယောရှုမှတ်စာ 21:7ခရစ်တော် မပေါ်မီ 1443 ခန့်

    မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။

  13. ယောရှုမှတ်စာ 21:8ခရစ်တော် မပေါ်မီ 1443 ခန့်

    ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။

  14. ယောရှုမှတ်စာ 21:9ခရစ်တော် မပေါ်မီ 1443 ခန့်

    ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

  15. ယောရှုမှတ်စာ 21:10ခရစ်တော် မပေါ်မီ 1443 ခန့်

    အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

  16. ယောရှုမှတ်စာ 21:11ခရစ်တော် မပေါ်မီ 1443 ခန့်

    ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။

  17. ယောရှုမှတ်စာ 21:12ခရစ်တော် မပေါ်မီ 1443 ခန့်

    သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။

  18. ယောရှုမှတ်စာ 21:13ခရစ်တော် မပေါ်မီ 1443 ခန့်

    လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။

  19. ယောရှုမှတ်စာ 21:14ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊

  20. ယောရှုမှတ်စာ 21:15ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊

  21. ယောရှုမှတ်စာ 21:16ခရစ်တော် မပေါ်မီ 1443 ခန့်

    အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊

  22. ယောရှုမှတ်စာ 21:17ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊

  23. ယောရှုမှတ်စာ 21:18ခရစ်တော် မပေါ်မီ 1443 ခန့်

    အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။

  24. ယောရှုမှတ်စာ 21:19ခရစ်တော် မပေါ်မီ 1443 ခန့်

    အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။

  25. ယောရှုမှတ်စာ 21:20ခရစ်တော် မပေါ်မီ 1443 ခန့်

    ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊