Gilead
အခြားအမည်: Gileadites
32.0400, 35.7200 Google Maps တွင် ကြည့်ရန်
Gilead ကို ဖော်ပြသော အခန်းငယ်များ
ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။
ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီး လိုက် သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။
ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသော အခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။
ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း။
ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊
အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊
ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏ နိုင်ငံ အဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏။
ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊
ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။