အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 1:1ခရစ်တော် မပေါ်မီ 1053 ခန့်

    ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊

  2. ဓမ္မရာဇဝင်ဒုတိယစောင် 1:2ခရစ်တော် မပေါ်မီ 1053 ခန့်

    သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 1:3ခရစ်တော် မပေါ်မီ 1053 ခန့်

    ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။

  4. ဓမ္မရာဇဝင်ဒုတိယစောင် 1:4ခရစ်တော် မပေါ်မီ 1053 ခန့်

    ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 1:5ခရစ်တော် မပေါ်မီ 1053 ခန့်

    ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊

  6. ဓမ္မရာဇဝင်ဒုတိယစောင် 1:6ခရစ်တော် မပေါ်မီ 1053 ခန့်

    ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။

  7. ဓမ္မရာဇဝင်ဒုတိယစောင် 1:7ခရစ်တော် မပေါ်မီ 1053 ခန့်

    ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ခေါ်ပါ၏။

  8. ဓမ္မရာဇဝင်ဒုတိယစောင် 1:8ခရစ်တော် မပေါ်မီ 1053 ခန့်

    ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။

  9. ဓမ္မရာဇဝင်ဒုတိယစောင် 1:9ခရစ်တော် မပေါ်မီ 1053 ခန့်

    ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊

  10. ဓမ္မရာဇဝင်ဒုတိယစောင် 1:10ခရစ်တော် မပေါ်မီ 1053 ခန့်

    လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။

  11. ဓမ္မရာဇဝင်ဒုတိယစောင် 1:11ခရစ်တော် မပေါ်မီ 1053 ခန့်

    ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။

  12. ဓမ္မရာဇဝင်ဒုတိယစောင် 1:12ခရစ်တော် မပေါ်မီ 1053 ခန့်

    ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။

  13. ဓမ္မရာဇဝင်ဒုတိယစောင် 1:13ခရစ်တော် မပေါ်မီ 1053 ခန့်

    ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏ဟုပြန်လျှောက်သော်၊

  14. ဓမ္မရာဇဝင်ဒုတိယစောင် 1:14ခရစ်တော် မပေါ်မီ 1053 ခန့်

    ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက်၊

  15. ဓမ္မရာဇဝင်ဒုတိယစောင် 1:15ခရစ်တော် မပေါ်မီ 1053 ခန့်

    လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။

  16. ဓမ္မရာဇဝင်ဒုတိယစောင် 1:16ခရစ်တော် မပေါ်မီ 1053 ခန့်

    ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။

  17. ဓမ္မရာဇဝင်ဒုတိယစောင် 1:17ခရစ်တော် မပေါ်မီ 1053 ခန့်

    ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း၍၊

  18. ဓမ္မရာဇဝင်ဒုတိယစောင် 1:18ခရစ်တော် မပေါ်မီ 1053 ခန့်

    ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊

  19. ဓမ္မရာဇဝင်ဒုတိယစောင် 1:19ခရစ်တော် မပေါ်မီ 1053 ခန့်

    အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။

  20. ဓမ္မရာဇဝင်ဒုတိယစောင် 1:20ခရစ်တော် မပေါ်မီ 1053 ခန့်

    ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 1:21ခရစ်တော် မပေါ်မီ 1053 ခန့်

    အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။

  22. ဓမ္မရာဇဝင်ဒုတိယစောင် 1:22ခရစ်တော် မပေါ်မီ 1053 ခန့်

    သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 1:23ခရစ်တော် မပေါ်မီ 1053 ခန့်

    ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 1:24ခရစ်တော် မပေါ်မီ 1053 ခန့်

    အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။

  25. ဓမ္မရာဇဝင်ဒုတိယစောင် 1:25ခရစ်တော် မပေါ်မီ 1053 ခန့်

    စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။