Skip to content

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ

255 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။

  2. မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

  3. မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။

  4. လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊

  5. ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား

  6. လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။

  7. တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊

  8. လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊

  9. မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။

  10. တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။

  11. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊

  12. မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊

  13. အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။

  14. တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  15. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

  16. တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။

  17. ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  18. ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊

  19. ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  20. မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊

  21. ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။

  22. ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  23. သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

  24. ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊

  25. ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။