အကြောင်းအရာသို့ ကျော်သွားရန်

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ

255 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။

  2. ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။

  3. မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  4. ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍

  5. စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။

  6. ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။

  7. ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊

  8. ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊

  9. ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။

  10. မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။

  11. ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။

  12. အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။

  13. တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။

  14. လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊

  15. ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊

  16. မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။

  17. ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။

  18. တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။

  19. အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊

  20. နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။

  21. တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။

  22. သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊

  23. သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။

  24. ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊

  25. ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။