အကြောင်းအရာသို့ ကျော်သွားရန်

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ: Taken instead of the first-born of Israel

9 အခန်းငယ် · 63 ရှုထောင့်

Taken instead of the first-born of Israel အကြောင်း အခန်းငယ်များ

  1. တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။

  2. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊

  3. မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊

  4. အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။

  5. တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  6. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

  7. ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။

  8. အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။

  9. တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။