အကြောင်းအရာသို့ ကျော်သွားရန်

Gershon

25 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Gershom

Gershon ကို ဖော်ပြသော အခန်းငယ်များ

  1. လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။

  2. လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။

  3. ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။

  4. လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။

  5. မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။

  6. ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊

  7. ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊

  8. ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  9. ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။

  10. ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  11. ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။

  12. အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊

  13. တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။

  14. ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-

  15. ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။

  16. လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊

  17. လေဝိသားကားဂေရရှုံ၊ ကောဟတ်၊ မေရာရိ တည်း။

  18. လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊

  19. ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။

  20. ဂေရရှုံသားကားလိဗနိ၊ လိဗနိသားယာဟတ်၊ ယာဟတ်သား ဇိမ္မ၊

  21. လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊

  22. ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။

  23. ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို၎င်း၊

  24. ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊

  25. လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။