circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 1:1ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
- တောလည်ရာကျမ်း 1:2ခရစ်တော် မပေါ်မီ 1490 ခန့်
သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
- တောလည်ရာကျမ်း 1:3ခရစ်တော် မပေါ်မီ 1490 ခန့်
စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
- တောလည်ရာကျမ်း 1:4ခရစ်တော် မပေါ်မီ 1490 ခန့်
အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
- တောလည်ရာကျမ်း 1:5ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
- တောလည်ရာကျမ်း 1:6ခရစ်တော် မပေါ်မီ 1490 ခန့်
ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
- တောလည်ရာကျမ်း 1:7ခရစ်တော် မပေါ်မီ 1490 ခန့်
ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
- တောလည်ရာကျမ်း 1:8ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသခါအမျိုး ဇုအာသား နာသနေလ။
- တောလည်ရာကျမ်း 1:9ခရစ်တော် မပေါ်မီ 1490 ခန့်
ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
- တောလည်ရာကျမ်း 1:10ခရစ်တော် မပေါ်မီ 1490 ခန့်
ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
- တောလည်ရာကျမ်း 1:11ခရစ်တော် မပေါ်မီ 1490 ခန့်
ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိ သားအဘိဒန်။
- တောလည်ရာကျမ်း 1:12ခရစ်တော် မပေါ်မီ 1490 ခန့်
ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
- တောလည်ရာကျမ်း 1:13ခရစ်တော် မပေါ်မီ 1490 ခန့်
အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
- တောလည်ရာကျမ်း 1:14ခရစ်တော် မပေါ်မီ 1490 ခန့်
ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
- တောလည်ရာကျမ်း 1:15ခရစ်တော် မပေါ်မီ 1490 ခန့်
နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
- တောလည်ရာကျမ်း 1:16ခရစ်တော် မပေါ်မီ 1490 ခန့်
ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
- တောလည်ရာကျမ်း 1:17ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
- တောလည်ရာကျမ်း 1:18ခရစ်တော် မပေါ်မီ 1490 ခန့်
ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
- တောလည်ရာကျမ်း 1:19ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
- တောလည်ရာကျမ်း 1:20ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
- တောလည်ရာကျမ်း 1:21ခရစ်တော် မပေါ်မီ 1490 ခန့်
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
- တောလည်ရာကျမ်း 1:22ခရစ်တော် မပေါ်မီ 1490 ခန့်
ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
- တောလည်ရာကျမ်း 1:23ခရစ်တော် မပေါ်မီ 1490 ခန့်
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
- တောလည်ရာကျမ်း 1:24ခရစ်တော် မပေါ်မီ 1490 ခန့်
ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
- တောလည်ရာကျမ်း 1:25ခရစ်တော် မပေါ်မီ 1490 ခန့်
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ၏။