အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 1:51ခရစ်တော် မပေါ်မီ 1490 ခန့်

    တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။

  2. တောလည်ရာကျမ်း 1:52ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။

  3. တောလည်ရာကျမ်း 1:53ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊

  4. တောလည်ရာကျမ်း 1:54ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။

  5. တောလည်ရာကျမ်း 2:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  6. တောလည်ရာကျမ်း 2:2ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။

  7. တောလည်ရာကျမ်း 2:3ခရစ်တော် မပေါ်မီ 1490 ခန့်

    နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  8. တောလည်ရာကျမ်း 2:4ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။

  9. တောလည်ရာကျမ်း 2:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။

  10. တောလည်ရာကျမ်း 2:6ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။

  11. တောလည်ရာကျမ်း 2:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။

  12. တောလည်ရာကျမ်း 2:8ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။

  13. တောလည်ရာကျမ်း 2:9ခရစ်တော် မပေါ်မီ 1490 ခန့်

    ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။

  14. တောလည်ရာကျမ်း 2:10ခရစ်တော် မပေါ်မီ 1490 ခန့်

    တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။

  15. တောလည်ရာကျမ်း 2:11ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။

  16. တောလည်ရာကျမ်း 2:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  17. တောလည်ရာကျမ်း 2:13ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။

  18. တောလည်ရာကျမ်း 2:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  19. တောလည်ရာကျမ်း 2:15ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။

  20. တောလည်ရာကျမ်း 2:16ခရစ်တော် မပေါ်မီ 1490 ခန့်

    ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။

  21. တောလည်ရာကျမ်း 2:17ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။

  22. တောလည်ရာကျမ်း 2:18ခရစ်တော် မပေါ်မီ 1490 ခန့်

    အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  23. တောလည်ရာကျမ်း 2:19ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။

  24. တောလည်ရာကျမ်း 2:20ခရစ်တော် မပေါ်မီ 1490 ခန့်

    ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  25. တောလည်ရာကျမ်း 2:21ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။