အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 2:22ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။

  2. တောလည်ရာကျမ်း 2:23ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။

  3. တောလည်ရာကျမ်း 2:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။

  4. တောလည်ရာကျမ်း 2:25ခရစ်တော် မပေါ်မီ 1490 ခန့်

    တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  5. တောလည်ရာကျမ်း 2:26ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။

  6. တောလည်ရာကျမ်း 2:27ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။

  7. တောလည်ရာကျမ်း 2:28ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။

  8. တောလည်ရာကျမ်း 2:29ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

  9. တောလည်ရာကျမ်း 2:30ခရစ်တော် မပေါ်မီ 1490 ခန့်

    သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။

  10. တောလည်ရာကျမ်း 2:31ခရစ်တော် မပေါ်မီ 1490 ခန့်

    ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။

  11. တောလည်ရာကျမ်း 2:32ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။

  12. တောလည်ရာကျမ်း 2:33ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။

  13. တောလည်ရာကျမ်း 2:34ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။

  14. တောလည်ရာကျမ်း 3:1ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊

  15. တောလည်ရာကျမ်း 3:2ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။

  16. တောလည်ရာကျမ်း 3:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။

  17. တောလည်ရာကျမ်း 3:4ခရစ်တော် မပေါ်မီ 1490 ခန့်

    နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။

  18. တောလည်ရာကျမ်း 3:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊

  19. တောလည်ရာကျမ်း 3:6ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။

  20. တောလည်ရာကျမ်း 3:7ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။

  21. တောလည်ရာကျမ်း 3:8ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။

  22. တောလည်ရာကျမ်း 3:9ခရစ်တော် မပေါ်မီ 1490 ခန့်

    လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။

  23. တောလည်ရာကျမ်း 3:10ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

  24. တောလည်ရာကျမ်း 3:11ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊

  25. တောလည်ရာကျမ်း 3:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။