Skip to content

Egypt

561 verses · 4 known names

အခြားအမည်: Egyptian, Egyptians, Egyptian's

30.1000, 31.3300 Google Maps တွင် ကြည့်ရန်

Egypt ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။

  2. အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။

  3. အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။

  4. အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။

  5. အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။

  6. ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊

  7. ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊

  8. ပါရန်တော၌ နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက် စေ၏။

  9. သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့၊ ရှုရမြို့ တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်းအနား၌ ကျသတည်း။

  10. ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။

  11. ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊

  12. ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

  13. ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။

  14. ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ၏။

  15. ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။

  16. ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။

  17. ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။

  18. နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။

  19. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။

  20. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။

  21. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။

  22. သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။

  23. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။

  24. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။

  25. တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊