Skip to content

Pharaoh

63 အခန်းငယ်

Pharaoh ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ၏။

  2. ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊

  3. သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။

  4. သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။

  5. အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။

  6. သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။

  7. ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။

  8. အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။

  9. အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။

  10. နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။

  11. ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။

  12. ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊

  13. ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။

  14. ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။

  15. ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။

  16. ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။

  17. ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။

  18. ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။

  19. ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။

  20. သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။

  21. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။

  22. ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။

  23. ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊

  24. ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။

  25. ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။