Skip to content

Prisoners အကြောင်း ကျမ်းစာအခန်းငယ်များ

323 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။

  2. သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ၏။

  3. သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။

  4. ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေ ရာရာ၌ အောင်စေတော်မူသတည်း။

  5. ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။

  6. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။

  7. ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။

  8. အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။

  9. တဖန်အိပ်ပြန်၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား၊ အလုံးကြီး ၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။

  10. ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

  11. အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။

  12. နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။

  13. ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။

  14. ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊

  15. ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။

  16. ကျွန်တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲ လုလင်တယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။

  17. ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော် သည်အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ၏။

  18. ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။

  19. ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။

  20. ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။

  21. ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။

  22. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။

  23. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။

  24. အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။

  25. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။