Skip to content

Caesarea

16 verses · 2 known names

အခြားအမည်: Caesar

32.4900, 34.8900 Google Maps တွင် ကြည့်ရန်

Caesarea ကို ဖော်ပြသော အခန်းငယ်များ

  1. ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။

  2. ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ၏။

  3. ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏။

  4. ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။

  5. ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။

  6. ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။

  7. ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန်၏။

  8. နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။

  9. ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။

  10. တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။

  11. မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။

  12. ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။

  13. ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။

  14. ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။

  15. ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။

  16. ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။