အကြောင်းအရာသို့ ကျော်သွားရန်

The Roman Empire အကြောင်း ကျမ်းစာအခန်းငယ်များ

96 အခန်းငယ် · 42 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။

  2. စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။

  3. ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။

  4. ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။

  5. ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။

  6. ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။

  7. ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

  8. ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက်၊ သံသွားနှင့်၎င်း၊ ကြေး ဝါလက်သည်းခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုယ်စား ချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊

  9. သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနှုတ်၍၊ ကြီးစွာသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့်၊ မိမိအဘော်တို့ ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား၊ အဘယ်သို့ ဆိုလို သည်ကို၎င်း သိခြင်းငှါ ငါအလိုရှိ၏။

  10. ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊

  11. ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ ၏။

  12. ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။

  13. ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီး ထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။

  14. အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။

  15. တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။

  16. ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။

  17. ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

  18. ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား၍ စစ်သူရဲတတပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊

  19. ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။

  20. ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။

  21. ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍သင်တို့၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု၊

  22. ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်ဩဂုတ္တုသည် အမိန့်တော်ရှိ၏။

  23. ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊

  24. အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။

  25. ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။