- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 95
The Revelation
John's vision on Patmos unveils the cosmic victory of the Lamb over evil and the final restoration of all creation.
ဤကာလမှ အခန်းငယ်များ
- ဗျာဒိတ်ကျမ်း 1:1ခရစ်နှစ် 96 ခန့်
ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။
- ဗျာဒိတ်ကျမ်း 1:2ခရစ်နှစ် 96 ခန့်
ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။
- ဗျာဒိတ်ကျမ်း 1:3ခရစ်နှစ် 96 ခန့်
ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။
- ဗျာဒိတ်ကျမ်း 1:4ခရစ်နှစ် 96 ခန့်
ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊
- ဗျာဒိတ်ကျမ်း 1:5ခရစ်နှစ် 96 ခန့်
သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
- ဗျာဒိတ်ကျမ်း 1:6ခရစ်နှစ် 96 ခန့်
မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
- ဗျာဒိတ်ကျမ်း 1:7ခရစ်နှစ် 96 ခန့်
ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
- ဗျာဒိတ်ကျမ်း 1:8ခရစ်နှစ် 96 ခန့်
ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။
- ဗျာဒိတ်ကျမ်း 1:9ခရစ်နှစ် 96 ခန့်
ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊
- ဗျာဒိတ်ကျမ်း 1:10ခရစ်နှစ် 96 ခန့်
သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။
- ဗျာဒိတ်ကျမ်း 1:11ခရစ်နှစ် 96 ခန့်
မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။
- ဗျာဒိတ်ကျမ်း 1:12ခရစ်နှစ် 96 ခန့်
ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း ၊
- ဗျာဒိတ်ကျမ်း 1:13ခရစ်နှစ် 96 ခန့်
ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။
- ဗျာဒိတ်ကျမ်း 1:14ခရစ်နှစ် 96 ခန့်
ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း ၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။
- ဗျာဒိတ်ကျမ်း 1:15ခရစ်နှစ် 96 ခန့်
ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။
- ဗျာဒိတ်ကျမ်း 1:16ခရစ်နှစ် 96 ခန့်
လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။
- ဗျာဒိတ်ကျမ်း 1:17ခရစ်နှစ် 96 ခန့်
ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။
- ဗျာဒိတ်ကျမ်း 1:18ခရစ်နှစ် 96 ခန့်
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။
- ဗျာဒိတ်ကျမ်း 1:19ခရစ်နှစ် 96 ခန့်
ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။
- ဗျာဒိတ်ကျမ်း 1:20ခရစ်နှစ် 96 ခန့်
ငါ့လက်ျာလက်၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
- ဗျာဒိတ်ကျမ်း 2:1ခရစ်နှစ် 96 ခန့်
ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ျာလက်၌ ကြယ်ခုနစ် လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ် လုံးအလယ်၌ သွားလာသောသူ၏အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။
- ဗျာဒိတ်ကျမ်း 2:2ခရစ်နှစ် 96 ခန့်
သင်သည်မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော်ဖြစ် ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသော သူဖြစ်သည်ဟု သိကြောင်းကို၎င်း ၊
- ဗျာဒိတ်ကျမ်း 2:3ခရစ်နှစ် 96 ခန့်
ခန္တီနှင့်ပြည့်စုံ၍။ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ကြောင်းကို၎င်းငါသိ၏။
- ဗျာဒိတ်ကျမ်း 2:4ခရစ်နှစ် 96 ခန့်
သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟုသင်၌ အပြစ်တင်စရာရှိ၏။
- ဗျာဒိတ်ကျမ်း 2:5ခရစ်နှစ် 96 ခန့်
ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့ ၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှရွှေ့မည်။