အကြောင်းအရာသို့ ကျော်သွားရန်

circa AD 95

The Revelation

John's vision on Patmos unveils the cosmic victory of the Lamb over evil and the final restoration of all creation.

404 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဗျာဒိတ်ကျမ်း 22:18ခရစ်နှစ် 96 ခန့်

    ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။

  2. ဗျာဒိတ်ကျမ်း 22:19ခရစ်နှစ် 96 ခန့်

    အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထား သော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့် ၎င်း ၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။

  3. ဗျာဒိတ်ကျမ်း 22:20ခရစ်နှစ် 96 ခန့်

    ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊

  4. ဗျာဒိတ်ကျမ်း 22:21ခရစ်နှစ် 96 ခန့်

    ဤအရာများကို သက်သေခံသောသူ မိန့်တော် မူ၏ အာမင် ၊ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။ ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန်စီရင် ရေးထားသော ဗျာဒိတ်ကျမ်းပြီး၏။