Skip to content

Animals အကြောင်း ကျမ်းစာအခန်းငယ်များ

136 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

  2. ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။

  3. အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။

  4. ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။

  5. မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊

  6. မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။

  7. အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။

  8. မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။

  9. မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။

  10. ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍

  11. ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊

  12. မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။

  13. အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။

  14. သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊

  15. သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။

  16. အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။

  17. ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။

  18. ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊

  19. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။

  20. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

  21. ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။

  22. အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။

  23. အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။

  24. ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများ ရှိကြ၏။

  25. သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏ အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ၏။ ကျားသော အကောင်တို့ သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။