Skip to content

Animals အကြောင်း ကျမ်းစာအခန်းငယ်များ: Habits of

10 အခန်းငယ် · 25 ရှုထောင့်

Habits of အကြောင်း အခန်းငယ်များ

  1. သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။

  2. မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။

  3. ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဉ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ၏။

  4. ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။

  5. တဖန်နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။

  6. လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ၏။

  7. အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။

  8. မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး၏။

  9. တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။

  10. တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။