Animals အကြောင်း ကျမ်းစာအခန်းငယ်များ: Abodes of
Abodes of အကြောင်း အခန်းငယ်များ
ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဉ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ၏။
ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။
တဖန်နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။
လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး၏။