Skip to content

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 759 ခန့်

    ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊

  2. ဟေရှာယအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 759 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။

  3. ဟေရှာယအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 759 ခန့်

    နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။

  4. ဟေရှာယအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 759 ခန့်

    ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။

  5. ဟေရှာယအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။

  6. ဟေရှာယအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 759 ခန့်

    ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။

  7. ဟေရှာယအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 759 ခန့်

    သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။

  8. ဟေရှာယအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 759 ခန့်

    ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။

  9. ဟေရှာယအနာဂတ္တိကျမ်း 1:9ခရစ်တော် မပေါ်မီ 759 ခန့်

    ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။

  10. ဟေရှာယအနာဂတ္တိကျမ်း 1:10ခရစ်တော် မပေါ်မီ 759 ခန့်

    သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။

  11. ဟေရှာယအနာဂတ္တိကျမ်း 1:11ခရစ်တော် မပေါ်မီ 759 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

  12. ဟေရှာယအနာဂတ္တိကျမ်း 1:12ခရစ်တော် မပေါ်မီ 759 ခန့်

    သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

  13. ဟေရှာယအနာဂတ္တိကျမ်း 1:13ခရစ်တော် မပေါ်မီ 759 ခန့်

    အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

  14. ဟေရှာယအနာဂတ္တိကျမ်း 1:14ခရစ်တော် မပေါ်မီ 759 ခန့်

    ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

  15. ဟေရှာယအနာဂတ္တိကျမ်း 1:15ခရစ်တော် မပေါ်မီ 759 ခန့်

    သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။

  16. ဟေရှာယအနာဂတ္တိကျမ်း 1:16ခရစ်တော် မပေါ်မီ 759 ခန့်

    ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။

  17. ဟေရှာယအနာဂတ္တိကျမ်း 1:17ခရစ်တော် မပေါ်မီ 759 ခန့်

    ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။

  18. ဟေရှာယအနာဂတ္တိကျမ်း 1:18ခရစ်တော် မပေါ်မီ 759 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။

  19. ဟေရှာယအနာဂတ္တိကျမ်း 1:19ခရစ်တော် မပေါ်မီ 759 ခန့်

    သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။

  20. ဟေရှာယအနာဂတ္တိကျမ်း 1:20ခရစ်တော် မပေါ်မီ 759 ခန့်

    သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။

  21. ဟေရှာယအနာဂတ္တိကျမ်း 1:21ခရစ်တော် မပေါ်မီ 759 ခန့်

    သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။

  22. ဟေရှာယအနာဂတ္တိကျမ်း 1:22ခရစ်တော် မပေါ်မီ 759 ခန့်

    သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။

  23. ဟေရှာယအနာဂတ္တိကျမ်း 1:23ခရစ်တော် မပေါ်မီ 759 ခန့်

    သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။

  24. ဟေရှာယအနာဂတ္တိကျမ်း 1:24ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။

  25. ဟေရှာယအနာဂတ္တိကျမ်း 1:25ခရစ်တော် မပေါ်မီ 759 ခန့်

    သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။