- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 2:20ခရစ်တော် မပေါ်မီ 759 ခန့်
ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 2:21ခရစ်တော် မပေါ်မီ 759 ခန့်
ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 2:22ခရစ်တော် မပေါ်မီ 759 ခန့်
နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။
- ဟေရှာယအနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 759 ခန့်
အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 759 ခန့်
တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူ ကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊
- ဟေရှာယအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 759 ခန့်
သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 759 ခန့်
ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 759 ခန့်
ပြည်သားတို့သည် တယောက်ကိုတယောက်၊ အိမ်နီးချင်းတယောက်ကိုတယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကို၎င်း၊ လူယုတ်သည် လူမြတ်ကို၎င်း စော်ကားလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 759 ခန့်
ထိုကြောင့်၊ လူသည် ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊
- ဟေရှာယအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 759 ခန့်
သူကလည်း၊ ငါသည်ပြုပြင်နိုင်သော သူမဟုတ်။ ငါ့အိမ်၌ မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည် သားတို့ အပေါ်မှာမင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 759 ခန့်
ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 759 ခန့်
သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေး ကြပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 759 ခန့်
ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူ အား ပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့် တို့၏အကျိုးကို ခံစားရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 759 ခန့်
မတရားသောသူသည်အမင်္ဂလာရှိ၏။မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့် သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 759 ခန့်
ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:13ခရစ်တော် မပေါ်မီ 759 ခန့်
ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:14ခရစ်တော် မပေါ်မီ 759 ခန့်
ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီး သူတို့ကို၎င်း၊ မင်းတို့ကို၎င်း တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ။ ဆင်းရဲသောသူတို့၏ ဥစ္စာကို လုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။
- ဟေရှာယအနာဂတ္တိကျမ်း 3:15ခရစ်တော် မပေါ်မီ 759 ခန့်
ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 3:16ခရစ်တော် မပေါ်မီ 759 ခန့်
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊
- ဟေရှာယအနာဂတ္တိကျမ်း 3:17ခရစ်တော် မပေါ်မီ 759 ခန့်
ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ်၍ အရှက်ခွဲတော်မူမည်။
- ဟေရှာယအနာဂတ္တိကျမ်း 3:18ခရစ်တော် မပေါ်မီ 759 ခန့်
ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊
- ဟေရှာယအနာဂတ္တိကျမ်း 3:19ခရစ်တော် မပေါ်မီ 759 ခန့်
နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
- ဟေရှာယအနာဂတ္တိကျမ်း 3:20ခရစ်တော် မပေါ်မီ 759 ခန့်
ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
- ဟေရှာယအနာဂတ္တိကျမ်း 3:21ခရစ်တော် မပေါ်မီ 759 ခန့်
လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
- ဟေရှာယအနာဂတ္တိကျမ်း 3:22ခရစ်တော် မပေါ်မီ 759 ခန့်
ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊