- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 629 ခန့်
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက်၌၎င်း၊
- ယေရမိအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 629 ခန့်
ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊
- ယေရမိအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊
- ယေရမိအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက်၍ မိန့်တော်မူသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 629 ခန့်
သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 629 ခန့်
ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊
- ယေရမိအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။
- ယေရမိအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 629 ခန့်
သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
- ယေရမိအနာဂတ္တိကျမ်း 1:9ခရစ်တော် မပေါ်မီ 629 ခန့်
လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။
- ယေရမိအနာဂတ္တိကျမ်း 1:10ခရစ်တော် မပေါ်မီ 629 ခန့်
ကြည့်ရှုလော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 1:11ခရစ်တော် မပေါ်မီ 629 ခန့်
တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊
- ယေရမိအနာဂတ္တိကျမ်း 1:12ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 1:13ခရစ်တော် မပေါ်မီ 629 ခန့်
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊
- ယေရမိအနာဂတ္တိကျမ်း 1:14ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရားက၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 1:15ခရစ်တော် မပေါ်မီ 629 ခန့်
အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ရွာအလုံးစုံတို့၌၎င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 1:16ခရစ်တော် မပေါ်မီ 629 ခန့်
ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ်၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့်၊ သူတို့ကို ငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။
- ယေရမိအနာဂတ္တိကျမ်း 1:17ခရစ်တော် မပေါ်မီ 629 ခန့်
သို့ဖြစ်၍ သင်သည် ခါးပန်းကို စည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။
- ယေရမိအနာဂတ္တိကျမ်း 1:18ခရစ်တော် မပေါ်မီ 629 ခန့်
ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ် ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက်၌၊ ခိုင်ခံ့သော မြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ ငါခန့်ထား၏။
- ယေရမိအနာဂတ္တိကျမ်း 1:19ခရစ်တော် မပေါ်မီ 629 ခန့်
သူတို့ဥည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နှုန်ခြင်းငှါ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 2:1ခရစ်တော် မပေါ်မီ 629 ခန့်
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊
- ယေရမိအနာဂတ္တိကျမ်း 2:2ခရစ်တော် မပေါ်မီ 629 ခန့်
အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သော တောအရပ်၌ သင်သည် ငါ့နောက် သို့လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း ငါအောက်မေ့၏။
- ယေရမိအနာဂတ္တိကျမ်း 2:3ခရစ်တော် မပေါ်မီ 629 ခန့်
ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွားတော်အဘို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကို လုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရ သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 2:4ခရစ်တော် မပေါ်မီ 629 ခန့်
အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့။
- ယေရမိအနာဂတ္တိကျမ်း 2:5ခရစ်တော် မပေါ်မီ 629 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်း သို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
- ယေရမိအနာဂတ္တိကျမ်း 2:6ခရစ်တော် မပေါ်မီ 629 ခန့်
သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသော ပြည်တ ရှောက်လုံးသို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ် မှာ ရှိတော်မူသနည်းဟု မမေးကြ။