အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 5:16ခရစ်တော် မပေါ်မီ 759 ခန့်

    ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။

  2. ဟေရှာယအနာဂတ္တိကျမ်း 5:17ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည်။

  3. ဟေရှာယအနာဂတ္တိကျမ်း 5:18ခရစ်တော် မပေါ်မီ 759 ခန့်

    ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။

  4. ဟေရှာယအနာဂတ္တိကျမ်း 5:19ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့ သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော် မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသ ရေလအမျိုး၏သန့်ရှင်းသော ဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။

  5. ဟေရှာယအနာဂတ္တိကျမ်း 5:20ခရစ်တော် မပေါ်မီ 759 ခန့်

    မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက် အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ ၌အချိုကို၎င်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။

  6. ဟေရှာယအနာဂတ္တိကျမ်း 5:21ခရစ်တော် မပေါ်မီ 759 ခန့်

    ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

  7. ဟေရှာယအနာဂတ္တိကျမ်း 5:22ခရစ်တော် မပေါ်မီ 759 ခန့်

    စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ၏။

  8. ဟေရှာယအနာဂတ္တိကျမ်း 5:23ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။

  9. ဟေရှာယအနာဂတ္တိကျမ်း 5:24ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး ၏သန့်ရှင်းသော ဘုရား၏ဗျာဒိတ်တော်ကို မထီမဲ့မြင် ပြုကြပြီ။

  10. ဟေရှာယအနာဂတ္တိကျမ်း 5:25ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်၊ တောင်တို့သည်တုန်လှုပ်၍၊ သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 5:26ခရစ်တော် မပေါ်မီ 759 ခန့်

    ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။

  12. ဟေရှာယအနာဂတ္တိကျမ်း 5:27ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့တွင်မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျည်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ ခါးစည်းမပြေ။ ခြေနင်းကြိုးလည်းမကျွတ်။

  13. ဟေရှာယအနာဂတ္တိကျမ်း 5:28ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည် လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။

  14. ဟေရှာယအနာဂတ္တိကျမ်း 5:29ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဘမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူ မျှ မကယ်မနှုတ်ရ။

  15. ဟေရှာယအနာဂတ္တိကျမ်း 5:30ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။

  16. ဟေရှာယအနာဂတ္တိကျမ်း 6:1ခရစ်တော် မပေါ်မီ 759 ခန့်

    ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။

  17. ဟေရှာယအနာဂတ္တိကျမ်း 6:2ခရစ်တော် မပေါ်မီ 759 ခန့်

    ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံး လျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။

  18. ဟေရှာယအနာဂတ္တိကျမ်း 6:3ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွတ်ဆို ကြ၏။

  19. ဟေရှာယအနာဂတ္တိကျမ်း 6:4ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့ သည် လှုပ်ရှား၍၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ၏။

  20. ဟေရှာယအနာဂတ္တိကျမ်း 6:5ခရစ်တော် မပေါ်မီ 759 ခန့်

    ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို၏။

  21. ဟေရှာယအနာဂတ္တိကျမ်း 6:6ခရစ်တော် မပေါ်မီ 759 ခန့်

    ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊

  22. ဟေရှာယအနာဂတ္တိကျမ်း 6:7ခရစ်တော် မပေါ်မီ 759 ခန့်

    ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏ နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။

  23. ဟေရှာယအနာဂတ္တိကျမ်း 6:8ခရစ်တော် မပေါ်မီ 759 ခန့်

    တဖန်ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဘို့ အဘယ်သူသွားမည်နည်း ဟု မေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။

  24. ဟေရှာယအနာဂတ္တိကျမ်း 6:9ခရစ်တော် မပေါ်မီ 759 ခန့်

    ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့။

  25. ဟေရှာယအနာဂတ္တိကျမ်း 6:10ခရစ်တော် မပေါ်မီ 759 ခန့်

    သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။