Skip to content

Select Readings အကြောင်း ကျမ်းစာအခန်းငယ်များ

802 အခန်းငယ် · 47 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။

  2. သခင်က၊ သင်တို့သည် အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊

  3. ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊

  4. ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော် မူ၏။

  5. ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း၊

  6. ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ၏။

  7. ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့ အဘထံသို့ပြန်၍ ရောက် သောအခါ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏။

  8. ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊

  9. ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏ မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။

  10. ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အား သား နှစ်ယောက်ကို ဘွား၏။

  11. တယောက်ကား ငါ့ထံမှ ထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီ တကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။

  12. ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေး ရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏။

  13. သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသော ကြောင့်၊

  14. သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည်။

  15. ကိုယ်တော် ကျွန်က၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏။

  16. သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူ ပါ။

  17. သူငယ်သည် ကျွန်တော်တို့မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ၏။

  18. ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူ အပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြား သော သူတယောက်မျှ မရှိရ။

  19. သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ၏။

  20. အစ်ကိုတို့အားလည်း၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။

  21. ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။

  22. သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။

  23. မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး၏။

  24. ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။

  25. သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူ သတည်း။ ကျွန်ုပ်ကို ဖါရောဘုရင်၏အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုး သောသခင်အရာ၌၎င်း ခန့်ထားတော်မူပြီ။