အကြောင်းအရာသို့ ကျော်သွားရန်

Mordecai

50 အခန်းငယ် · 1 မိသားစုဝင်

Mordecai ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။

  2. ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။

  3. ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ၏။

  4. ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။

  5. မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။

  6. သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။

  7. ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။

  8. ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။

  9. ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။

  10. နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။

  11. နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ် ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊

  12. မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန် ပြော၍၊ သူတို့ စကားကို နားမထောင်သောကြောင့်၊ သူတို့ သည် မော်ဒကဲစကား တည်မည် မတည်မည်ကို သိလို သောငှါ၊ ဟာမန်အား ကြားပြောကြ၏။

  13. ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေ ကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက် ထွက်၍၊

  14. သူတို့သည် မော်ဒကဲအမျိုးကို ဘော်ပြသော ကြောင့်၊ မော်ဒကဲတယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ၏။

  15. ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။

  16. မော်ဒကဲအမှုကို ဧသတာ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။

  17. တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှုရှိ သနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း၊

  18. ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့၊ မြို့တော်လမ်းသို့သွား၍၊

  19. မော်ဒကဲသည် မိမိ၌ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို၎င်း ကြားပြောလျက်၊

  20. ဟာတက်သည်လည်းလာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။

  21. တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊

  22. ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ် လျှင်၊

  23. နန်းတော်၌နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့်။

  24. ဧသတာကလည်း၊

  25. ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။