Skip to content

Mordecai အကြောင်း ကျမ်းစာအခန်းငယ်များ

23 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။

  2. ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။

  3. ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။

  4. ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။

  5. ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။

  6. ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။

  7. ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။

  8. ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊

  9. ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။

  10. ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊

  11. ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။

  12. ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊

  13. ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊

  14. ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊

  15. ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။

  16. ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။

  17. ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။

  18. ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။

  19. ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။

  20. မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊

  21. ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ်၌၎င်း၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ်၌၎င်း၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊

  22. အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက် ရှိ၏။

  23. ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။ ဧသတာဝတ္ထုပြီး၏