Skip to content

Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ

139 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။

  2. မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။

  3. မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။

  4. သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။

  5. မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

  6. ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။

  7. တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။

  8. လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။

  9. သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။

  10. သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။

  11. တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား

  12. သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။

  13. တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။

  14. တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။

  15. နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။

  16. ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။

  17. ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။

  18. အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။

  19. သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။

  20. သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  21. သတ္တမလ၊ ပဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။

  22. မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။

  23. မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။

  24. ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။

  25. ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။