Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ: The bold and faithful preaching of ministers
The bold and faithful preaching of ministers အကြောင်း အခန်းငယ်များ
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့ သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။
တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။