အကြောင်းအရာသို့ ကျော်သွားရန်

Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ: Blowing at all religious processions and ceremonies

5 အခန်းငယ် · 46 ရှုထောင့်

Blowing at all religious processions and ceremonies အကြောင်း အခန်းငယ်များ

  1. ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။

  2. ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။

  3. ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။

  4. သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။

  5. ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။