Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ: The priests to blow the sacred
The priests to blow the sacred အကြောင်း အခန်းငယ်များ
အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။