အကြောင်းအရာသို့ ကျော်သွားရန်

Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ

139 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ၏။

  2. မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင် ၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုညှဉ်းဆဲမည် အကြောင်းသူတို့အား ပညတ်ထား၏။

  3. တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။

  4. ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။

  5. ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍာန် နှင့်တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ်၏။

  6. ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။

  7. ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။

  8. အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။

  9. သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ်၏။

  10. အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါးလာလေဦးမည်။

  11. ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင်ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သော အသံကား၊

  12. ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား၏။

  13. ဖန်ဆင်း၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

  14. သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။