အကြောင်းအရာသို့ ကျော်သွားရန်

Trumpet အကြောင်း ကျမ်းစာအခန်းငယ်များ

139 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။

  2. ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။

  3. ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။

  4. လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။

  5. တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။

  6. သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။

  7. သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

  8. တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ၏။

  9. သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။

  10. ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ၏။

  11. သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။

  12. ဘုရားသခင့်ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။

  13. ကောင်းကင်တမန်တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင် တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။

  14. မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ ကောင်းကင် တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။

  15. ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။

  16. တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ၏။

  17. ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။

  18. ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။

  19. ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ၏။ သင်္ဘောသုံးစုတစုလည်းပျက်၏။

  20. တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။

  21. ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။

  22. စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊

  23. ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။

  24. ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊

  25. သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။