The Roman Empire အကြောင်း ကျမ်းစာအခန်းငယ်များ: Terrible beast in Daniel's vision
Terrible beast in Daniel's vision အကြောင်း အခန်းငယ်များ
ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။
ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက်၊ သံသွားနှင့်၎င်း၊ ကြေး ဝါလက်သည်းခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုယ်စား ချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊