Skip to content

Macedonia

21 verses

40.6300, 22.9300 Google Maps တွင် ကြည့်ရန်

Macedonia ကို ဖော်ပြသော အခန်းငယ်များ

  1. ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။

  2. ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။

  3. ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။

  4. သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။

  5. ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊

  6. မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။

  7. ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။

  8. သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။

  9. အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။

  10. မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။

  11. သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။

  12. ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။

  13. ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကားစိုးရိမ်ခြင်းရှိ၏။

  14. ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ၏။

  15. အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။

  16. သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။

  17. အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။

  18. သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။

  19. အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။

  20. ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော် လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊

  21. ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍၊