အကြောင်းအရာသို့ ကျော်သွားရန်

Agrippa

12 အခန်းငယ်

Agrippa ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။

  2. အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။

  3. နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။

  4. ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။

  5. သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။

  6. ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။

  7. အဂြိပ္ပမင်းကြီး၊

  8. ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ်ပြုသဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။

  9. အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။

  10. အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။

  11. အဂြိပ္ပမင်းကလည်း၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင်၊

  12. အဂြိပ္ပ မင်းကလည်း၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။