Skip to content

Joseph

199 အခန်းငယ် · 17 မိသားစုဝင်

Joseph ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။

  2. ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။

  3. ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။

  4. ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။

  5. ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။

  6. ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။

  7. ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။

  8. ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။

  9. ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊

  10. ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။

  11. ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊

  12. ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

  13. ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊

  14. သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။

  15. ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊

  16. ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ၏။

  17. ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုး သား မိမိသခင်၏အိမ်၌ နေရလေ၏။

  18. ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍ခစားလျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို အပ်လေ၏။

  19. ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။

  20. သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။

  21. ထိုနောက်မှ သခင်၏မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။

  22. ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း၊ ယောသပ်သည် သူ၏စကားကို နားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။

  23. တနေ့သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ၊

  24. ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။

  25. သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ၏။