Skip to content

Money အကြောင်း ကျမ်းစာအခန်းငယ်များ

192 အခန်းငယ် · 40 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။

  2. သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။

  3. ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။

  4. အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။

  5. သူ၏အိမ်၌ ဘွားသောသူ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ၏။

  6. စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ၌ အဆုံးအမခံရ၏။

  7. သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။

  8. ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။

  9. ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။

  10. အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။

  11. ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။

  12. သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား။

  13. တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။

  14. ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

  15. ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။

  16. သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။

  17. စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။

  18. ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။

  19. ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊

  20. ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။

  21. ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။

  22. တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊

  23. ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊

  24. အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊

  25. မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။