Skip to content

Negeb

37 verses · 3 known names

အခြားအမည်: south, way

30.3000, 34.2000 Google Maps တွင် ကြည့်ရန်

Negeb ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။

  2. အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။

  3. တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊

  4. တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။

  5. ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊

  6. ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။

  7. တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။

  8. အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။

  9. ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။

  10. ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။

  11. လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိ တောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီး တိုင်အောင်၎င်း သွားကြလော့။

  12. တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။

  13. ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။

  14. ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊

  15. စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊

  16. သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။

  17. ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  18. ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။

  19. သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။

  20. မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။

  21. အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။

  22. သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။

  23. ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။

  24. ဗေသလမြို့၊ တောင်ရာမုတ်မြို့၊

  25. တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။