Skip to content

Economics အကြောင်း ကျမ်းစာအခန်းငယ်များ

52 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။

  2. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။

  3. ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။

  4. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။

  5. ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊

  6. ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။

  7. ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။

  8. သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။

  9. တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊

  10. လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊

  11. ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။

  12. ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။

  13. ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။

  14. ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။

  15. ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏။

  16. ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။

  17. စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။

  18. အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။

  19. သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။

  20. နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။

  21. ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ၏။

  22. ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။

  23. နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။

  24. မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။

  25. ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာ ခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ၏။