Skip to content

Goshen

11 verses

30.7200, 31.8000 Google Maps တွင် ကြည့်ရန်

Goshen ကို ဖော်ပြသော အခန်းငယ်များ

  1. အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ် အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။

  2. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

  3. ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

  4. ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။

  5. ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊

  6. ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။

  7. အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။

  8. ဣသရေလ သားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။

  9. ယောသပ်အိမ်သား၊ အစ်ကိုတို့ အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့် သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။

  10. ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။

  11. သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။