Skip to content

Prisoners အကြောင်း ကျမ်းစာအခန်းငယ်များ

323 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။

  2. ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

  3. အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။

  4. ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။

  5. ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။

  6. ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။

  7. ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။

  8. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။

  9. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။

  10. အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။

  11. ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။

  12. သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။

  13. ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။

  14. ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။

  15. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။

  16. ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊

  17. ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။

  18. ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။

  19. သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။

  20. တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊

  21. လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊

  22. ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။

  23. ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။

  24. ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။

  25. ဤသူကိုထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာ ပြန်၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စား သောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။