Prisoners အကြောင်း ကျမ်းစာအခန်းငယ်များ: Permitted to make defense
Permitted to make defense အကြောင်း အခန်းငယ်များ
မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။
ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။
ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။