- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်တတိယစောင် 1:1ခရစ်တော် မပေါ်မီ 1015 ခန့်
ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
- ဓမ္မရာဇဝင်တတိယစောင် 1:2ခရစ်တော် မပေါ်မီ 1015 ခန့်
သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:3ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:4ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
- ဓမ္မရာဇဝင်တတိယစောင် 1:5ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:6ခရစ်တော် မပေါ်မီ 1015 ခန့်
ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:7ခရစ်တော် မပေါ်မီ 1015 ခန့်
အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:8ခရစ်တော် မပေါ်မီ 1015 ခန့်
ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
- ဓမ္မရာဇဝင်တတိယစောင် 1:9ခရစ်တော် မပေါ်မီ 1015 ခန့်
အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:10ခရစ်တော် မပေါ်မီ 1015 ခန့်
ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
- ဓမ္မရာဇဝင်တတိယစောင် 1:11ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
- ဓမ္မရာဇဝင်တတိယစောင် 1:12ခရစ်တော် မပေါ်မီ 1015 ခန့်
ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
- ဓမ္မရာဇဝင်တတိယစောင် 1:13ခရစ်တော် မပေါ်မီ 1015 ခန့်
ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
- ဓမ္မရာဇဝင်တတိယစောင် 1:14ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
- ဓမ္မရာဇဝင်တတိယစောင် 1:15ခရစ်တော် မပေါ်မီ 1015 ခန့်
ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:16ခရစ်တော် မပေါ်မီ 1015 ခန့်
ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:17ခရစ်တော် မပေါ်မီ 1015 ခန့်
ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
- ဓမ္မရာဇဝင်တတိယစောင် 1:18ခရစ်တော် မပေါ်မီ 1015 ခန့်
ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
- ဓမ္မရာဇဝင်တတိယစောင် 1:19ခရစ်တော် မပေါ်မီ 1015 ခန့်
အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
- ဓမ္မရာဇဝင်တတိယစောင် 1:20ခရစ်တော် မပေါ်မီ 1015 ခန့်
အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:21ခရစ်တော် မပေါ်မီ 1015 ခန့်
သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:22ခရစ်တော် မပေါ်မီ 1015 ခန့်
ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 1:23ခရစ်တော် မပေါ်မီ 1015 ခန့်
နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
- ဓမ္မရာဇဝင်တတိယစောင် 1:24ခရစ်တော် မပေါ်မီ 1015 ခန့်
အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
- ဓမ္မရာဇဝင်တတိယစောင် 1:25ခရစ်တော် မပေါ်မီ 1015 ခန့်
သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။