အကြောင်းအရာသို့ ကျော်သွားရန်

Hiram

23 အခန်းငယ် · 1 မိသားစုဝင်

အခြားအမည်: Huram

Hiram ကို ဖော်ပြသော အခန်းငယ်များ

  1. တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။

  2. ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။

  3. တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေ လွှတ်လျက်၊

  4. ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊

  5. မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။

  6. ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရူးသစ်သားကို ပေး၏။

  7. ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။

  8. ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည် အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။

  9. ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။

  10. တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။

  11. ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။

  12. ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။

  13. ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။

  14. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။

  15. ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။

  16. တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။

  17. တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီး သည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။

  18. တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။

  19. ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန်တော်ကို၎င်း၊ နန်းတော်ကို၎င်း၊ တည် ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။

  20. ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။

  21. ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။

  22. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

  23. ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့၏။