Skip to content

Tarshish

20 verses · 2 known names

အခြားအမည်: Tharshish

36.9500, -6.3700 Google Maps တွင် ကြည့်ရန်

Tarshish ကို ဖော်ပြသော အခန်းငယ်များ

  1. ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။

  2. ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။

  3. ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့၏။

  4. တာရှုမြို့သို့သွားရသော သင်္ဘောတို့ကို တည် လုပ်ခြင်းငှါ၊ အလွန်အဓ္ဓမအမှုကိုပြုသော ဣသရေလ ရှင်ဘုရင် အားခဇိနှင့်ပေါင်းဘော်ပြီးလျှင်း၊ ထိုသင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။

  5. ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ၏။

  6. တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။

  7. တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။

  8. တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။

  9. တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။

  10. တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။

  11. အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။

  12. တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြ လော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ။

  13. အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။

  14. ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။

  15. ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။

  16. သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။

  17. တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။

  18. ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှု ကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည်။

  19. သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။

  20. ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။