Skip to content

Merchant အကြောင်း ကျမ်းစာအခန်းငယ်များ

37 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။

  2. ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

  3. ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။

  4. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။

  5. ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။

  6. မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ၏။

  7. ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ၏။

  8. သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။

  9. မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။

  10. ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။

  11. သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သော သူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင်၌ ထိုသို့ ဖြစ်ကြ၍၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ။

  12. အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။

  13. ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။

  14. ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။

  15. အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။

  16. ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဘိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။

  17. ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်။ ခိလမဒ်ကုန်သည်တို့ လည်း၊ သင်နှင့်ကုန်သွယ်၍၊

  18. ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ချယ် လှယ်သောအထည်၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ ကုန်ထဲသို့သွင်းကြ၏။

  19. တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။

  20. ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား၍၊ အရှေ့လေ သည်လည်း ပင်လယ်အလယ်၌ ချိုးလေ ပြီ။

  21. သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော သား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ်၌ ကျရကြလိမ့်မည်။

  22. သင်၏လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။

  23. တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊

  24. သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။

  25. ဆံပင်ကိုလည်း ဖြတ်၍လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊