Skip to content

Kedar

11 အခန်းငယ် · 13 မိသားစုဝင်

Kedar ကို ဖော်ပြသော အခန်းငယ်များ

  1. မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊

  2. ဣရှမေလသားအကြီးကားနဗာယုတ်၊ နဗာ ယုတ်ညီကေဒါ၊ အာဒဗေလ၊ မိဗသံ၊

  3. ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။

  4. အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။

  5. ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍၊

  6. ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။

  7. တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။

  8. ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင် ၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ ဘုန်းပွင့်စေမည်။

  9. ခိတ္တိမ်ကျွန်းတို့သို့ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကို စေလွှတ်၍၊ ထိုသို့ဖြစ်ဘူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။

  10. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။

  11. အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။