Skip to content

Sheep အကြောင်း ကျမ်းစာအခန်းငယ်များ

144 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။

  2. နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။

  3. အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊

  4. ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊

  5. ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။

  6. ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။

  7. သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။

  8. သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကို ရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟု ပြန်ဆို ကြ၏။

  9. ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏။

  10. ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီး ရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏ သိုးတို့ကို ရေတိုက် လေ၏။

  11. ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။

  12. သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

  13. လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

  14. အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။

  15. ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။

  16. ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊

  17. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။

  18. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

  19. ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။

  20. လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။

  21. ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။

  22. မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊

  23. မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။

  24. ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊

  25. လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊